Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စီမံကိန်းစီမံခန့်ခွဲမှုသင်တန်း(Project Cycle Management)ဖွင့်ပွဲကျင်းပ


12 Jan,2026

စီမံကိန်းစီမံခန့်ခွဲမှုသင်တန်း(Project Cycle Management)ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီလ ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းစီမံခန့်ခွဲမှုသင်တန်း(Project Cycle Management) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး‌သိန်းလွင် က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာ/ဆရာမများက မိတ်ဆက်ခြင်းနှင့် သင်ကြားဆွေးနွေးမည့် ဘာသာရပ်များအား အကျဉ်းချုပ် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် သင်တန်းသား တစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြားသည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို ဇန်နဝါရီလ ၁၂ရက်နေ့မှ ၂၈ရက်နေ့ထိ ၁၃ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ‌ပေးမည် ဖြစ်ကြောင်းသိရသည်။

 

     


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်