Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး


13 Jan,2026

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

ကြို့ပင်ကောက် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်း(န)ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ဘုရားကြီးကုန်း(န)ကျေးရွာ၌   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များဖြည့်စွက် မှာကြားပါသည်။ 

အဆိုပါ ဘုရားကြီးကုန်း(န)ကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၆၅၀ အကျယ် နှစ်ပေခြောက်လက်မ အမြင့် ခြောက်လက်မထု  နှစ်းဘီးသွားကွန်ကရစ်ဘီးလမ်းခင်းခြင်းကို   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀ ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၃၇ ဒသမ ၂ သိန်း၊ စုစုပေါင်းငွေကျပ် ၁၈၇ ဒသမ ၂ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် နိုဝင်ဘာလ ပထမ အပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်