Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


13 Jan,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမပညာဌာနနှင့် စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ဖွင့်လှစ်သော “တန်ဖိုးမြှင့် စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနား” ကို (၁၀.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် တက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်တန်းရေးရာ၊ စီမံရေးရာ၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များနှင့် ကထိက(ဌာနမှူး)များ၊ စစ်ကိုင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းတွင် သင်ကြားပို့ချသည့် သင်တန်းဆရာ၊ ဆရာမများ၊ သမဝါယမပညာဌာနမှ ဆရာ/ဆရာမများနှင့် သင်တန်းသား ကျောင်းသား/ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး “တန်ဖိုးမြှင့် စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းကို (၅.၁.၂၀၂၆)ရက်နေ့မှ (၁၀.၁.၂၀၂၆)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ 

ပါမောက္ခချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် “ကျောင်းသား၊ ကျောင်းသူများကို စာပေပညာရပ်များကို သင်ကြားပေးသည်သာမက ဘွဲ့ရပြီးနောက် ကိုယ်ပိုင်လုပ်ငန်းငယ်များမှတစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပေးခဲ့သော မုန့်လုပ်နည်းပညာများကို ရပ်တန့်မနေဘဲ ဆက်လက်အသုံးပြုပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်သည်အထိ အောင်မြင်အောင် ဆက်လက်ကြိုးစားကြပါရန် တိုက်တွန်းလိုကြောင်း၊ ယခုသင်တန်းဖွင့်လှစ်နိုင်ရန် သင်ကြားပေးခဲ့သော စစ်ကိုင်းခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တာဝန်ယူကြီးကြပ်ပေးခဲ့သည့် သမဝါယမပညာဌာနမှ ဆရာ၊ ဆရာမများအားလုံးကို အထူးကျေးဇူးတင် ရှိပါကြောင်း၊ တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ရရှိခဲ့သည့် နည်းပညာများနှင့် မိမိတို့၏ Own Creation များ ပေါင်းစပ်ပြီး စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးများဖြစ်အောင် ဆက်လက် ကြိုးစားသွားနိုင်ပါစေကြောင်း” ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပါမောက္ခချုပ်က စစ်ကိုင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကိုလည်းကောင်း၊  ဒုတိယပါမောက္ခချုပ်(စီမံ)က ဦးစီးအရာရှိနှင့်ဦးစီးမှူး တို့ကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)က  သင်တန်းဆရာမ(၂)ဦးတို့ကို လည်းကောင်း အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ကြပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ သင်တန်းသား၊ သင်တန်းသူကိုယ်စားလှယ်များကို သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းတွင် လက်တွေ့ပြုလုပ်ခဲ့ကြသည့် မုန့်အမျိုးမျိုးအား  ပေးအပ်ခဲ့ပါသည်။ 

ထို့နောက် သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ‌အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်