Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု HRD Programme များဖြစ်ကြသည့် MDevS နှင့် MFM (First Batch) online programme တို့၏ Orientation Ceremony ဖွင့်ပွဲအခမ်းအနားကျင်းပ


13 Jan,2026

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်းများ Master of Development Studies နှင့် Master of Financial Management သင်တန်းများ၏ orientation ceremony ဖွင့်ပွဲအခမ်းအနားကို စာသင်ဆောင် T1 ရှိ Conference Room ၌ ၃-၁-၂၀၂၆ နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်တန်းရေးရာနှင့် စီမံခန့်ခွဲရေးဌာန များမှ ဌာနမှူး၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ သက်ဆိုင်ရာ Program Director များနှင့် သက်ဆိုင်ရာ programme (၂)ခု၏ သင်တန်းများတွင် ပို့ချပေးသည့် ဆရာ/ဆရာမ များနှင့် တာဝန်ရှိသူများ၊ Master of Development Studies နှင့် Master of Financial Management သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြင်ပပညာရှင်များဖြစ်သည့် ဒေါက်တာမို့မို့ရီ (ပါမောက္ခချုပ်(ငြိမ်း)၊သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)) ၊ ဒေါ်ခင်အေးမြင့် (ပါမောက္ခ၊ဌာနမှူး(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)) ၊ ဒေါက်တာဒေါ်တင်လှ (DBA Programme Leader, Myanmar Imperial Collage, Partnership with the Great Manchester University) နှင့် Programme (၂)ခုမှ  သင်တန်းသား၊သင်တန်းသူ(၁၆၀)ဦးတို့မှ Zoom ဖြင့် Online မှ  တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ် (သင်ကြား)မှ အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် အလွန်အရေးပါသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိုအကောင် အထည်ဖော်နိုင်မည့် စတုတ္ထမြောက်နှင့် ပဉ္စမမြောက် HRD Master Online သင်တန်းများကို တက္ကသိုလ်သက်တမ်း (၁၄)နှစ်ပြည့်ခါနီးအချိန်တွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် အားရ ကျေနပ်မိပါကြောင်း၊ သမဝါယမ‌နှင့်‌ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ Vocational Training သင်တန်းများကို ဆက်လက်ဖွင့်လှစ်နိုင်ရန် အနာဂတ်ရည်မှန်းချက်ရှိပြီး လူမှုစီးပွားဖွံဖြိုးရေးအတွက် အရည်အသွေး ပြည့်ဝသောလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်တစ်ခု ဖြစ်လာစေရန် ရည်မှန်းချက်ဖြင့် တက္ကသိုလ်သည် ခေတ်ကာလနှင့် လျော်ညီသော စီပွားရေးပညာရပ်များကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် ကြိုးစားလျက်ရှိပါကြောင်း၊ HRD program များဖြစ်သည့် MPA,MBA,MAR တို့ကို ပညာရေးဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် (၁.၆.၂၀၂၃)မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခု Third Batch သင်တန်းများကို ပို့ချပေးလျက်ရှိပါကြောင်း၊ HRD Master ဘွဲ့ သင်တန်း(၃)ခု၏ ပထမအကြိမ် ဘွဲ့ရဦးရေ (၂၂၅)ဦး ကို(၃.၈.၂၀၂၅)ရက်နေ့တွင် ဘွဲ့ပေးအပ်နှင်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊   အရည်အသွေး အာမခံချက် ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ပြင်ပပညာရှင် ဝါရင့်ပညာတတ် ဆရာမကြီးများနှင့် Faculty Member ဆရာ/ဆရာမများဖြင့် သင်ကြားပေးခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် အောင်မြင်လူသိများပြားလာပြီး တက်ရောက်လိုသူ သင်တန်းသားဦးရေလည်း များပြားလာခဲ့ပါကြောင်း၊ HRD Master Online သင်တန်းများကို သင်တန်းဖွင့်လှစ်ရန် ခွင့်ပြုပေးပါသော ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်(ငြိမ်း) ဆရာမကြီး ဒေါက်တာမို့မို့ရီနှင့် ပြင်ပပညာရှင် ဆရာမကြီးများ၊ ပါမောက္ခချုပ်နှင့် HRD Working Committee Member များ၊ ဌာနမှူးများ၊  ရုံးပိုင်းလုပ်ငန်းဆိုင်ရာ ဝာာဝန်ရှိသူများ၊ သင်တန်းသူ/သင်တန်းသားများ အားလုံးကို  ကျေးဇူးတင် ရှိပါကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမို့မို့ရီ၊ ဒေါက်တာဒေါ်တင်လှ (DBA Programme Leader, Myanmar Imperial Collage, Partnership with the Great Manchester University) ၊သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း) စာရင်းအင်းပညာဌာန ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) ဒေါ်ခင်အေးမြင့် တို့မှ ကြိုဆိုနှုတ်ဆက်စကား အသီးသီးပြောကြားခဲ့ကြပါသည်။ 

ထို့နောက် MDevS နှင့် MFM program အသီးသီးမှ သင်တန်းသား/သူ အားလုံးကိုယ်စား သင်တန်းသားကိုယ်စားလှယ်(၁)ဦးစီမှ သင်တန်းတက်ရောက်ခွင့်ရသည့်အပေါ် ဝမ်းသာပီတိ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနား အောင်မြင် စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်