Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇမ္ဗူသီရိမြို့နယ်၌ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ


10 Jan,2026

ဇမ္ဗူသီရိ ဇန်နဝါရီ ၁၀

ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစု(လီမိတက်)၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကို ဇမ္ဗူသီရိမြို့နယ်၊ သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အစည်းအဝေးတွင် ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌမှ သဘာပတိအဖြစ်ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့် တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာများကို အမှုဆောင်အဖွဲ့ဝင်အသီးသီးမှ ဖတ်ကြားတင်ပြ ခဲ့ကြောင်း သိရသည်။ ထိုသို့ဖတ်ကြားတင်ပြခဲ့ရာတွင် တက်ရောက်လာသော ကိုယ်စားလှယ် များက ကန့်ကွက်ရန်မရှိပါသဖြင့် သဘာပတိက အတည်ပြုဆောင်ရွက်ခဲ့ပြီး အမှုဆောင်အဖွဲ့ဝင် များအား သက်တမ်း (၅)နှစ်ပြည့်ပြီးဖြစ်ပါ၍ အစည်းအဝေးပထမပိုင်းတွင် နုတ်ထွက်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ လစ်လပ်လျက်ရှိသော အမှုဆောင်အဖွဲ့အား အသစ်ပြန်လည်ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးဇော်ဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်းနှင့်ပတ်သက်၍ အဆိုပြု၊ ထောက်ခံ၊ ရွေးချယ်စနစ်၊ လျှို့ဝှက်ဆန္ဒမဲ ပေးစနစ် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက် လာသော အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒအတိုင်း သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ များ လုပ်ထုံးလုပ်နည်းများနှင့်အညီ သမဝါယမအသင်းကိုယ်စားလှယ်များထဲမှ အမှုဆောင် ဒါရိုက်တာအဖွဲ့ (၅)ဦးနှင့် အသင်းစာရင်းစစ် (၂)ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ရွေးချယ် တင်မြှောက်ခံရသည့် အမှုဆောင်ဒါရိုက်တာအဖွဲ့ (၅)ဦးအနေဖြင့် အချင်းချင်းတာဝန်များ ခွဲဝေသတ်မှတ်ခြင်း၊ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်