Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်များ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပခြင်း


10 Jan,2026

သန်လျင်၊ ဇန်နဝါရီလ ၉
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြု ဘာသာရပ် (၅) ခုဖြစ်သည့် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာနှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာတို့၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၉-၁-၂၀၂၆ ရက်နေ့၊ နံနက် ၁၀ အချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား‌ပြောကြားခဲ့ပြီး သမဝါယမပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါ်ခင်အေးမာ၊ ဘောဂဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာသင်းသင်းယု၊ စာရင်းအင်းပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာချောအိအိထွန်း၊ စီမံခန့်ခွဲမှုပညာဌာနမှ တွဲဖက်ပါမောက္ခ (ခေတ္တဌာနမှူး) ဒေါက်တာတင်နီလာဝင်း နှင့် ဝါဏိဇ္ဇဗေဒဌာနမှ ဘာသာရပ်တာဝန်ခံ၊ လက်ထောက်ကထိက ဒေါ်ခင်ဇာဝင်း တို့မှ မေဂျာအသီးသီးအတွက် ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ မောင်မယ်သစ်လွင်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် မိတ်ဆက်ပေးခဲ့ပြီး မေဂျာအသီးသီးမှ ဝင်ခွင့်အမှတ်အများဆုံးရရှိသူများအား ဆုချီးမြှင့်ခဲ့ပါသည်။ ထို့နောက် မေဂျာအသီးသီးမှ King၊ Queen နှင့ People Choice Award ရရှိသူများအား ဆုချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် အထူးပြုဘာသာရပ်အလိုက်သင်တန်းနှစ်အသီးသီး မှ ကျောင်းသား၊ကျောင်းသူများက တေးသရုပ်ဖော်များ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေခြင်း နှင့်တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပြီး တေးသံရှင်အဆိုတော် မေသက်ထားဆွေ နှင့် အဆိုတော်ပုံရိပ် တို့မှလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၀၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်