Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖျာပုံမြို့နယ် ရှမ်းကွင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ပထမ အကြိမ်ထုတ်ချေး


12 Jan,2026

ဖျာပုံမြို့နယ်  ရှမ်းကွင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ပထမ အကြိမ်ထုတ်ချေး
     ဖျာပုံ၊ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းကွင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဒေါ်သန်းသန်းအေး(ဦးစီးအရာရှိ)က ကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာမြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ် ချက်များ၊စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
   ဆက်လက်၍ဖျာပုံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး
  ရှမ်းကွင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း၃၀၀ကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဒေါ်သန်းသန်းအေး(ဦးစီးအရာရှိ)နှင့်တာဝန်ရှိသူများကမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ  ရှမ်းကွင်းကျေးရွာတွင် ပထမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၀ဦးကိုငွေကျပ် ၁၅၀သိန်း၊ရေလုပ်ငန်းလုပ်ကိုင်သူ ၁၉ဦးကို ငွေကျပ် ၅၇သိန်း၊အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်သူ ၃၁ဦးကိုငွေကျပ်၉၃သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ  ၈၀ဦးကိုအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း၃၀၀ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
                                                      နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်