သာစည် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေ (GRF)ဖြင့် ဆောင်ရွက်လျက်ရှိသည့် Quick win လုပ်ငန်းဖြစ်သော သာစည်-ဘိုကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်က ဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (အထွေထွေပိုလျှံ) ရန်ပုံငွေကျပ် ၁၉၁ ဒသမ ၄၈၅ သန်းဖြင့် သာစည်-ဘိုကုန်းလမ်း လမ်းအရှည် ၀ ဒသမ ၈၀၅ ကီလိုမီတာအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်နှင့် မြို့နယ်တာဝန်ခံ တို့က ကွင်းဆင်းစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)က လုပ်ငန်းများအား ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ရန် မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်