Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြီးပွားလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


13 Jan,2026

ညောင်ရွှေ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မင်းချောင်းကျေးရွာ ကြီးပွားလယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မင်းချောင်းကျေးရွာ စာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။

ဦးစွာအသင်းဥက္ကဋ္ဌ ဦးအောင်မွန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းက စီမံကိန်းသီးနှံများနှင့်ပတ်သက်၍ မျိုးနှင့်သွင်းအားစုများ ပံ့ပိုးနေမှုအခြေအနေ၊ မြေဩဇာဖြန့်ဖြူးပေးမည့် အစီအစဉ်များနှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းစာရင်းစစ် အစီရင်ခံစာများ ဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစုပေါ်အမြတ်၊ စုဆောင်းငွေပေါ်အတိုးနှင့် အသင်းသားထောက်ပံ့ငွေ စုစုပေါင်း ၉၇၆၂၆၀၀ ကျပ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်