နေပြည်တော်၊ ဇန်နဝါရီ ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် Bakery နှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့ ညနေပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဒေသတွင်း ပေါများစွာထွက်ရှိတဲ့ ကုန်ကြမ်းတွေကို အခြေခံပြီး ဘေးအန္တ ရာယ်ကင်းရှင်းသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ၏ ကုန်စည် လိုအပ်ချက်မှန်သမျှကို ပြည်ပမှတင်သွင်းနေရပါက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေး နေအုန်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သွင်းကုန်ပမာဏကို လျှော့ချပြီး ပြည်တွင်းထုတ်ကုန် ပမာဏကို တိုးမြှင့်ထုတ်လုပ်ဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကို အားကိုးနေ၍မရဘဲ ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းဖြင့် တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး အတွက် ဆောင်ရွက်ရာတွင် ယခုသင်တန်းဆင်းများအနေဖြင့်လည်း အားထည့်ကြိုးပမ်း ဆောင်ရွက် ကြစေလိုပါကြောင်း။
ယခု သင်တန်းတွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်များသည် အသက်မွေးဝမ်းကျောင်း ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နိုင်တဲ့ ဘာသာရပ်တွေဖြစ်လို့ မိသားစုဝင်ငွေ တိုးပွားရရှိအောင် ဆောင် ရွက်နိုင်သကဲ့သို့ အိုးမကွာ၊ အိမ်မကွာဖြင့် ဝင်ငွေရရှိသော လုပ်ငန်းကိုလည်း လုပ်ကိုင် လာနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားတွေ အနေဖြင့်လည်း သင်တန်းက သင်ကြားပေးလိုက်သော ပညာရပ်များအပေါ် အခြေခံသော လုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါ ကြောင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အမြတ်အစွန်း ရရှိမှုထက် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာဟာရပြည့်ဝရေးကို အလေးထားဆောင်ရွက်စေလိုပါကြောင်း၊ ထို့အပြင် ထုတ်ကုန်များ အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်တွင် ဈေးသက်သက်သာသာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်၍ သင်တန်းထူးချွန်ဆုများ ရရှိသည့် သင်တန်းသားများအား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်သည်။ ထို့နောက် သင်တန်းတွင် ဈေးကွက်ဝင် ထုတ်ကုန်များအား သင်ကြားပေးခဲ့သည့် သင်တန်းနည်းအား ဂုဏ်ပြုဆုတံတိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
ယခု ဖွင့်လှစ်ခဲ့သော သင်တန်းတွင် ကွတ်ကီး၊ Butter Sponge Cake ၊ Chiffon ကိတ်၊ မွေးနေ့ကိတ်၊ ချောကလက်ကိတ်၊ Cheese ကိတ်၊ Chiffon ကိတ်၊ ခေါက်ကိတ်၊ Soft Bread ၊ Slide Bread Cup Cake ၊ Cheese Cake ၊ မွေးနေ့ကိတ်၊ Banana Cake ၊ ပီဇာ၊ ပဲမဲပေါင်မုန့်၊ ကြက်ဥပူတင်းပေါင်မုန့်၊ ကြက်မျှဉ်ပေါင်မုန့်၊ အာလူး ဆနွင်းမကင်း၊ မန်ကျည်းဖျော်ရည်၊ ဇီးဖျော်ရည်နှင့် ရေခဲမုန့်အမျိုးမျိုးစတဲ့ ဈေးကွက်ဝင်ထုတ်ကုန်များကို သင်ကြားပေးခဲ့သည့်အပြင် Food Safety ၊ Quality Control ဆိုင်ရာများ၊ လုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သည့် ဈေးကွက်ဆိုင်ရာ သဘောတရားများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးသင်ကြား ပေးခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်