Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်တုန်းမြို့၌ ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ


13 Jan,2026

ညောင်တုန်း ဇန်နဝါရီ ၁၀

           ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက္ကော့-အင်းမကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စက္ကော့တောင်ကျေးရွာအုပ်စု အုန်းပင်စု ကျေးရွာ၌ပြုလုပ်ရာ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ် တက်ရောက် ဖွင့်လှစ်ပေးသည်။

           ဦးစွာ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးနန္ဒာစိုးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များပေးအပ်ခဲ့ပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

           အဆိုပါ ကွန်ကရစ်လမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အရှည်ပေ ၁၆၅၀ ၊ အကျယ် ၁၂ ပေရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်