"သာပေါင်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ပဥ္စမအကြိမ်ထုတ်ချေး"
သာပေါင်း၊ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်စရစ်ကုန်းကျေးရွာ ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဥ္စမ အကြိမ်ထုတ်ချေးခြင်းကို ယနေ့
နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ် က ကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာမြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ် ချက်များ၊စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍သာပေါင်းမြို့နယ်ကျေး လက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောက်စရစ်ကုန်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထိသို့စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၅၈သိန်းငါးသောင်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်
နှင့်တာဝန်ရှိသူများကမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကျောက်စရစ်ကုန်းကျေးရွာတွင် ပဥ္စမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၆ဦးကိုငွေကျပ်၂၁၆သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၃၅
ဦးကိုငွေကျပ် ၉၇သိန်းငါးသောင်း၊ရေ လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို၂သိန်းငါးသောင်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၂ဦးကို ၃၆သိန်းငါးသောင်း၊ အသက်မွေးဝမ်းကျောင်းနှစ်ဦးကို ငွေကျပ် ခြောက်သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ ၁၁၆ဦးကိုအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၅၈သိန်းငါးသောင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်