Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး-မကြီးကုန်း-ညောင်လှလမ်းပေါ်ရှိမူလရေကျော်အား Box ပါသော ရေကျော်အရှည်ဆက်ခြင်းလုပ်ငန်း စစ်ဆေး


16 Jan,2026

ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး-မကြီးကုန်း-ညောင်လှလမ်းပေါ်ရှိမူလရေကျော်အား Box ပါသော ရေကျော်အရှည်ဆက်ခြင်းလုပ်ငန်း စစ်ဆေး
************************************************************************
ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက သမန်းကြီး-မကြီးကုန်း-ညောင်လှလမ်းပေါ်ရှိမူလရေကျော်အား Box ပါသော ရေကျော် အရှည်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုဇန်နဝါရီ ၁၅ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့်တာဝန်ရှိသူများက သမန်းကြီး -မကြီးကုန်း-ညောင်လှလမ်းပေါ်ရှိ မူလ ပေ ၁၅၀ရေကျော်အား Box ပါသော ရေကျော် အရှည် ဆက်ခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ကလုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မူလ ပေ ၁၅၀ ရေကျော်အား(မကြီးကုန်းကျေးရွာ ဘက်ခြမ်း)တွင် Box ပါသော ရေကျော်အရှည်ပေ ၁၂၀၊ အကျယ်၃၆ပေ၊ ထု ကိုးလက်မ အရှည်ဆက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် သန်း ၁၈၀ အသုံးပြုကာကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅ခုနှစ် ဇူလိုင် ၁ရက်ကစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ရာခိုင်နှုန်းပြီးစီးပြီ
ဖြစ်ကြောင်း သိရသည်။

ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်