ကလော ဇန်နဝါရီ ၁၂
ကလောမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပတ္တူပေါက်ကျေးရွာနှင့်ပင်လောင်းမြို့နယ် ဖာလျင်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဘီလူးချောင်းတံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၁၀ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ တောင်ကြီးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဟန်ကိုကိုစိုးနှင့် တာဝန်ရှိသူများသည် ကလောမြို့နယ်၊ ပတ္တူပေါက်ကျေးရွာနှင့် ပင်လောင်းမြို့နယ်၊ ဖာလျင်ကျေးရွာကို ဆက်သွယ်ထားသော အလျား ၈၀ ပေ၊ အနံ ၂ဝ ပေ၊ အမြင့် ၁၄ ပေရှိ ဘီလူးချောင်း တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးရေးအတွက် ဆွေးနွေးမှာကြားသည်။
ဘီလူးချောင်းတံတားတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၄၇၉ ဒသမ ၇၆ သန်းဖြင့် တောင်ကြီးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်