မကွေး ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၃၀၀ အသုံးပြု၍ မြို့ရှောင်လမ်းမှ အလယ်ချောင်း- သဖန်းဆိပ်လမ်း ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးမင်းထွန်းတို့က ဇန်နဝါရီ ၁၄ ရက်က ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မကွေးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)တို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါရေကျော်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်