ဟင်္သာတမြို့နယ် သိမ်ကုန်း ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း
ဟင်္သာတ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်စေရန် ရည်ရွယ်၍၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ဖြည့်စွက်)ရန်ပုံငွေဖြင့် ကျုံဖားကျေးရွာအုပ်စု ၊ သိမ်ကုန်း ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးမြင့် နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ များက သိမ်ကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှု စစ်ဆေးပြီး ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးမြင့် က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ် သိမ်ကုန်း ကျေးရွာ၌ အရှည် ၃ ဒသမ ၇၉ ဖာလုံ၊ ၊ အကျယ် ၁၆ ပေ၊ အမြင့် ၂ ပေ၊ မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းကို ပြည်ထောင်စု (ဖြည့်စွက်) ခွင့်ပြုရန်ပုံငွေ ၄၄၀ သိန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ယခု နှစ် နိုဝင်ဘာလ ၂ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၆၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးမြင့် ထံမှ သိရှိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်