Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝေါမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်းအခမ်းအနား ကျင်းပ


15 Jan,2026

ဝေါ ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အတွက် မြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင် ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ဧကရာဇ်ကျေးရွာတွင် ဧကရာဇ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းလီမိတက်၏ အသင်းသားဖြစ်သည့် ဦးကျင်သန်းပိုင်ဆိုင်သော လယ်မြေ (၁၂)ဧက အတွင်း နွေစပါးစိုက်ပျိုးခြင်းကို ရေဆင်းပေါ်ဆန်း (၂)မျိုး၊ စပါး (၃)ဧကနှင့် ရက် (၉၀) မျိုးစပါး (၉) ဧကတို့အား Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ အမှုဆောင်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ နွေစပါးစိုက်တောင်သူများ တက်ရောက်ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်