Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးသမဝါယမကောလိပ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ


15 Jan,2026

ပုသိမ်ကြီး ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးတို့သည် အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သမဝါယမကောလိပ် (မန္တလေး)ရှိ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။

ဦးစွာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးများက ပညာရည်ချွန်ဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ကြပြီးနောက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ထောက်ပံ့ငွေနှင့် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါက်တာ တင်မူအေးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အစီအစဉ်အရ သမဝါယမကောလိပ် (မန္တလေး) ကျောင်းသားကျောင်းသူများ၏ ကပြဖျော်ဖြေမှုများအား ဝန်ကြီးများနှင့်အတူ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲတော် ကိုလည်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်