Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခြင်း


19 Jan,2026

သန်လျင်၊ ဇန်နဝါရီ ၁၇
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များ၏ပါဝင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်နှင့် အမျိုးသား အဆင့် အားလုံးပါဝင်နိုင်မှု အခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆- Youth Peace Forum 2026 ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁( MICC-1) ၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖိုရမ်သို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ စတုတ္ထနှစ်(အသုံးချစာရင်းအင်းပညာအထူးပြု) ကျောင်းသား မောင်ဝင်းမြတ်အောင်၊ စတုတ္ထနှစ် (ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာအထူးပြု) ကျောင်းသူ မဖူးရွှေစင်နှင့် လေ့လာသူအဖြစ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဌာန မှ လက်ထောက်ကထိက ဒေါ်ဧလာကျော်တို့ တက်ရောက်ခဲ့ကြပါသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၏ဆောင်ပုဒ်မှာ “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးလူငယ်များ ပါဝင်မှုကိုမြှင့်တင်ပေး” ဖြစ်ပြီး လူငယ်များ၏စိတ်ပါဝင်စားမှု အပေါ်မူတည်၍ အဖွဲ့(၁)အပြာရောင်အသင်း အနေဖြင့် “ လက်နက်ကိုင် ပဋိပက္ခများရပ်တန့်ရေး၊ နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ပါဝင်မှုနှင့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး ”၊ အဖွဲ့(၂) ပန်းရောင်အသင်းအနေဖြင့် “လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုမြှင့်တင်ခြင်း၊ အားကစား၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး”၊ အဖွဲ့(၃)ခရမ်းရောင်အသင်းအနေဖြင့် “စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခြေပြုစီးပွားရေး”၊ အဖွဲ့(၄)အစိမ်းရောင်အသင်းအနေဖြင့် “သတင်းအချက်အလက်နည်းပညာ (အိုင်တီ)၊ ဉာဏ်ရည်တုနည်းပညာ(AI)စနစ်ထူထောင်ရေး၊ ဆိုက်ဘာ၊ လူမှုကွန်ရက်နှင့်ကွန်ရက်အဖွဲ့များ၊ ထိရောက်သော သတင်းပြန်ကြားရေး” ခေါင်းစဉ်များဖြင့် တစ်ဖွဲ့လျှင်(၈၀)ဦးစီ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်၍ဆွေးနွေးတင်ပြချက်များအား လူငယ်ထုအတွင်း လျှပ်တစ်ပြက်စစ်တမ်း၊ ဆန္ဒကောက် ယူခြင်းနှင့်မဲပေးဆုံးဖြတ်သည့်အပေါ် ပညာရှင်အဖွဲ့များကသုံးသပ်၍ဆုများသတ်မှတ်ခဲ့ရာ အဖွဲ့(၄) အစိမ်းရောင် အသင်းမှ ပထမဆု၊ အဖွဲ့(၃)ခရမ်းရောင်အသင်းမှ ဒုတိယဆု၊ အဖွဲ့(၁)အပြာရောင်အသင်းနှင့် အဖွဲ့(၂) ပန်းရောင်အသင်းတို့မှ ပူးတွဲတတိယဆုများရရှိခဲ့ကြပါသည်။ ၎င်းနောက်လျှပ်တစ်ပြက်ပြိုင်ပွဲများပြုလုပ်ခြင်း၊ စိတ်ကူးပုံဖော်ရေးဆွဲခြင်း၊ ပန်းချီပြိုင်ပွဲများပြုလုပ်ခဲ့ရာတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ စတုတ္ထနှစ်(ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြု) ကျောင်းသူ မဖူးရွှေစင် က ဒုတိယဆု ရရှိခဲ့ပါသည်။ ၁၆-၁-၂၀၂၆ ရက်နေ့တွင် လေ့လာရေးခရီးစဉ်အဖြစ် စစ်သမိုင်းပြတိုက်၊ ရေပန်းဉယျာဉ်၊ Nay Pyi Taw State Academy၊ Nay Pyi Taw Polytechnic University နှင့် Ocean Center များသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်