နေပြည်တော် ဇန်နဝါရီ ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့မွန်းလွဲ ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ကျိုင်းတုံမြို့နယ်၊ ဝမ်ဟတ်ကျေးရွာသို့သွားရောက်၍ ကျေးရွာ သူကျေးရွာသားများ၏ ရွာအဝင်လမ်း ကွန်ကရစ်ခင်းပေးနိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး လုပ်ငန်းများအား ဦးစီးဌာနအချင်းချင်း ပူးပေါင်း ချိတ်ဆက်မှု အားကောင်းစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ တာဝန်ရှိသူများက ဝန်ထမ်း သက်သာချောင်ချိရေး ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲ များကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်