ပုသိမ် ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သော တောင်ယာကုန်း- ရွာသစ်ကုန်း-စမ်းမြိုင်လမ်း ကတ္တရာခင်းခြင်း (၀/၄မိုင် × ၁၂ပေ × ၉ လက်မ)လုပ်ငန်းအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းခွင်အတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
အကျိုးပြုမည်
တောင်ယာကုန်း-ရွာသစ်ကုန်း-စမ်းမြိုင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အကျိုးပြုကျေးရွာ ရှစ်ရွာ၊ အိမ်ခြေ ၈၀၃ အိမ်၊ လူဦးရေ ၂၉၈၀ တို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်