Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုမြို့နယ်၌ သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


20 Jan,2026

ပူတာအို ဇန်နဝါရီ ၁၈

       ကချင်ပြည်နယ် ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုများကို တာဝန်ရှိသူများက ဇန်နဝါရီ ၁၆ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၈၂၁ ဒသမ ၀၃၆ သန်းဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ် ပမ္မတီးကျေးရွာနှင့် ဂျေဂျီဒီ ကျေးရွာချင်းဆက်သွယ်ထားသော လမ်းအရှည် နှစ်မိုင်အား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

       ဆက်လက်၍ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၄၆ဝ ဒသမ ၄၃၈ သန်းဖြင့် ပူတာအိုမြို့နယ် နမ်ရှယ်ရှီးဒီ ကျေးရွာနှင့် နမ်ရှယ်စွပ်ကျေးရွာ ချင်းဆက်သွယ်လမ်းအရှည်(၁) မိုင်(၁) ဖာလုံအား သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း၊ JSJ ကုမ္ပဏီက သဲကျောက်လမ်း ခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်