ရန်ကုန်၊ ဇန်နဝါရီ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပ သည့် ဒီဂျစ်တယ်နည်းပညာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ INYA LAKE ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆိုင် ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာအကြီးအကဲများ၊ ဒီဂျစ်တယ်နည်းပညာရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပြီး Video Conferencing စနစ်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနတွင် လုပ်ငန်းမှတ်ပုံတင်ထားသော လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။
ဦးစွာ သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာမှာ ဒီဂျစ် တယ် နည်းပညာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကပါဝင် သည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ ဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်ရာတွင် ဒီဂျစ်တယ် နည်းပညာက မရှိမဖြစ်လိုအပ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်၍ သက်ဆိုင်ရာဌာနများအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး၊ နည်းပညာ၊ ဈေးကွက် ရရှိရေးအတွက် တတ်နိုင်သမျှ ကူညီချိတ်ဆက်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သည့် ဒီဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲသည် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများကို ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ခြင်း စီမံကိန်းအရ ဆောင်ရွက်သည့်အခမ်းအနားဖြစ်ပါ ကြောင်း၊ ယခုစီမံကိန်းအရ အဓိကလုပ်ငန်းစဉ်များထဲမှ အသေးစားစက်မှုလုပ်ငန်းများ လွယ် ကူလျှင် မြန်စွာ လုပ်ငန်းမှတ်ပုံတင်နိုင်ရန်အတွက် အွန်လိုင်းမှတ်ပုံတင်ပလက်ဖောင်း တစ်ခုတည်ထောင်ခြင်းနှင့် အသေးစားစက်မှုထုတ်ကုန်များအတွက် ဒီဂျစ်တယ်စျေးကွက် (e-commerce) ပလက်ဖောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းများပါဝင်ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာသည် စီးပွားရေး လုပ်ငန်းများ အောင်မြင်ရေးအတွက်လိုအပ်သည့် နည်းပညာတစ်ခုဖြစ်ခြင်းကြောင့် ဆက်စပ်ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူပေါင်းဆောင်ရွက်ကြသွားကြရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအနေဖြင့်လည်း ဒီဂျစ်တယ် နည်း ပညာအသုံးပြုပြီး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန်နှင့် ယခုနည်းပညာ နှီးနှောဖလှယ်ပွဲမှ ရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် ပြန်လည်အသုံးပြုကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင် ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor ကလည်း အမှာစကားပြောကြားသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ပြုလုပ်ရာ Novel Idea Web Solution Provider Co.,Ltd မှ MD ဦးအောင်စိုးမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းများအတွက် SSID Online Registration Platform နှင့် SSID E-Commerce Platform ဆိုင်ရာအချက်အလက်များ ရှင်းလင်း ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဘဏ္ဍာရေးမှူး ဒေါ်ချောခင်ခင်က MSMEလုပ်ငန်းများတွင်အသုံးပြုနိုင်သည့်ဒီဂျစ်တယ်နည်းပညာ၊ Digital Tool နှင့် Digital Application များအကြောင်း ဆွေးနွေးခြင်း၊ သတင်းအချက်အလက် နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်က ဒီဂျစ်တယ်နည်းပညာ အသုံးပြုသူများအတွက် ဆိုက်ဘာလုံခြုံရေး သိမှတ်ဖွယ်ရာများအကြောင်းဆွေးနွေးခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းနိုင်က နည်းပညာ၊ အရင်းအနှီး နှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ သိရှိဆောင်ရွက်နိုင်သည့် ပြည်တွင်း/ပြည်ပ Website များနှင့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာများအကြောင်း၊ မြန်မာ နိုင်ငံဒီဂျစ်တယ်စီးပွား ရေးဆိုင်ရာလုပ်ငန်း ရှင်များအသင်း MDEA Executive Committee ဦးထွန်းထွန်းလင်းက လုပ်ငန်းရှင်များ လက်ရှိကြုံတွေ့ နေရသည့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အခက်အခဲများနှင့် အခွင့်အလမ်းများအကြောင်း ဆွေးနွေးခြင်း နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က ဒီဂျစ်တယ် နည်းပညာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့် အချက်အလက်များအပေါ်အနှစ်ချုပ်ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်