နေပြည်တော် ဇန်နဝါရီ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဂွေ့ကြီးကျေးရွာသို့ သွားရောက်၍ မြို့နယ်အတွင်းရှိ ဂွေ့ကြီး စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်း၊ ဝဲကြီး စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ ရွှေဝါခိုင် လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ရွှေမူ လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၊ ကူသပိတ် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ သစ်စိမ့်ပင် စိုက်ပျိုးထုတ် လုပ်ရေးသမဝါယမအသင်းတို့မှ အသင်းသားတောင်သူများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံခဲ့ သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ သမဝါယမအသင်းသားတောင်သူများအတွက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် သက်တံ့ရောင် သမဝါယမစီမံကိန်း ရန်ပုံငွေတို့ဖြင့် အထွက်တိုး မျိုးနှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုး၍ ထွက်ရှိလာသော စပါးများကို အသင်းပိုင်ဆန်စက်များဖြင့် ပြန်လည်ဝယ်ယူ ကြိတ်ခွဲပေးခဲ့ပါ ကြောင်း၊ ဤသို့ဆောင်ရွက်ပေးရခြင်းမှာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ဖြစ်ပါကြောင်း၊ အသင်းသားတောင်သူများကလည်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး အထွက်တိုးမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပြီး အသင်းမှ စီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊ မြေယာပြုပြင်ရာတွင်လည်း ဓာတ်မြေဩဇာကို သက်သာ သော ဈေးနှုန်းရရှိအောင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်၍ သဘာဝမြေဩဇာများ ရောနှောပေါင်းစပ် အသုံးပြုကြရန်၊ စိုက်ပျိုးရေကို အကျိုးရှိစွာအသုံးချရန်၊ စိုက်ပျိုးရေးဦးစီးဌာနမှပို့ချသော စိုက်နည်း စနစ်များအတိုင်း စနစ်တကျ စိုက်ပျိုးကြရန်နှင့် နိုင်ငံတော်ထံမှ ချေးယူထားသည့် ချေးငွေများ အပြေအကျေ ပြန်လည်ပေးဆပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အသင်း သားတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဂွေ့ကြီးကျေးရွာ ကုန်ထုတ်လမ်းအရှည် (၁.၉) ဖာလုံ ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဲကြီးနှင့် ဂွေ့ကြီးကျေးရွာရှိ သမဝါယမအသင်း သားတောင်သူ (၃၀) ဦး၏ စိုက်ဧက (၁၀၀) တွင် စိုက်ပျိုးထားသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်၊ ပြောင်းဖူး သီးနှံစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ဆောင်ရွက် ပေးထားသော ဆိုလာ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ကောင်းမွန်မှု ရှိမရှိ ပြန်လည်စစ်ဆေးရန်နှင့် အသင်းသားတောင်သူများအား ရေရှည်တည်တံ့ အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါ ဂွေ့ကြီးကျေးရွာသည် ရေမြေရာသီဥတု ကောင်းမွန်သောကျေးရွာဖြစ်ပြီး ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်၊ ပြောင်းဖူး စားသောက်ကုန်သီးနှံများကို အဓိကစိုက်ပျိုး၍ (၁) ဧကလျှင် ပျမ်းမျှ အသားတင်အမြတ် သိန်း (၅၀) ကျော် ရှိကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်