Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် ပိုက်သင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


22 Jan,2026

မင်းဘူးမြို့နယ် ပိုက်သင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

‎မင်းဘူး ဇန်နဝါရီ ၂၂
‎        မကွေးတိုင်းဒေသကြီး၊ 
‎မင်းဘူးခရိုင်၊  မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ဖြင့် ပိုက်သင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဇန်နဝါရီ ၂၁  ရက်နေ့ နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
‎          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ခရိုင်၊မြို့နယ် တာဝန်ခံအင်ဂျင်နီယာများက   ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ပိုက်သင် ကျေးရွာ၌ စက်ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
‎ပိုက်သင်ကျေးရွာ၌ 5.5 KW  Inverter နှင့် 7 KW ဆိုလာတပ်ဆင်ခြင်း၊ 3 HP Submersible pump တပ်ဆင်ခြင်းနှင့် အနက်ပေ ၂၀၀၊အကျယ် ၄ ဒသမ ၅ လက်မရှိ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၂၅၅ ဒသမ ၄၅ သိန်း အသုံးပြုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး‌တိုးတက်ရေးဦးစီးဌာန မှ တာဝန်ယူ၍ ယခုနှစ် ဇန်နဝါရီလ ၈ ရက်‌ နေ့က စတင်အကောင်အထည်ဖော်ရာ ယခု အခါ လုပ်ငန်း ဆောင်ရွက်မှုမှာ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် ထံမှ သိရသည်။
‎ဇင်မာ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်