Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တက်ရောက်


22 Jan,2026

နေပြည်တော် MICC I တွင် (၁၃.၁.၂၀၂၆) ရက်နေ့မှ (၁၆.၁.၂၀၂၆)ရက်နေ့ အထိ ကျင်းပခဲ့သည့် 2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မောင်အာကာထွန်းလင်း (စလစ-၁၁) နှင့် မထက်ထက်ဝင်းသူ (စဈစ-၄)တို့သည် တိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့ဝင်များအဖြစ် တက်ရောက်ခဲ့ပါသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး (၁)ဦး၊ အုပ်ချုပ်သူဆရာ(၂)ဦးနှင့် ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူလူငယ် (၁၀)ဦးတို့ ပါဝင်သည့်အဖွဲ့သည် (၁၁.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် စုရပ်ဖြစ်သည့် စစ်ကိုင်းမြို့၊ အသင်္ခရာစောယွန်း ဧည့်ရိပ်သာမှ နေပြည်တော်သို့ ထွက်ခွာခဲ့ကြသည်။  

(၁၃.၁.၂၀၂၆)ရက်နေ့တွင် MICC I နေပြည်တော်၌ 2026 Youth Peace Forum အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ 
 
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နေ့လယ်ပိုင်းအစီအစဉ်အရ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် Knowledge Sharing အနေဖြင့် ပညာရှင်တစ်ဦးမှ ဆွေးနွေးဟောပြောပို့ချခဲ့ပြီး တိုင်းဒေသကြီး ကိုယ်စားလှယ်တစ်ဦးမှ အတွေ့ အကြုံများ Sharing ပြောကြားပေးခဲ့ပါသည်။ 

2026 Youth Peace Forum ဒုတိယရက်  ဖြစ်သည့် (၁၄.၁.၂၀၂၆)ရက်နေ့တွင် Group များ အသီးသီးဖွဲ့ပေး၍ သက်ဆိုင်ရာ Knowledge များကို ပညာရှင်များက ဆွေးနွေးဟောပြောခဲ့ပြီးနောက် Project ခေါင်းစဉ်များရွေးချယ်၍ Group အလိုက် ဆွေးနွေးပြင်ဆင်ခဲ့ကြပါသည်။ 

2026 Youth Peace Forum တတိယရက် ဖြစ်သည့် (၁၅.၁.၂၀၂၆) ရက်နေ့တွင် Group အလိုက် ရွေးချယ်ထားသော Project ခေါင်းစဉ်များဖြင့် ဆွေးနွေးယှဉ်ပြိုင်ခဲ့ရာ “A Public-Private Partnership Pilot Project” ခေါင်းစဉ်ဖြင့် တက္ကသိုလ်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် Group 3 မှ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ 

ထို့ပြင် တက္ကသိုလ်ကိုယ်စားပြု ကျောင်းသား မောင်အာကာထွန်းလင်း (စလစ-၁၁)သည် Cyber Security Quiz Question တွင် တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ 

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်‌ရေးဦးစီးချုပ်မှ အမှာစကား ပြောကြားခဲ့ပြီးနောက် စစ်ကိုင်း၊ ကချင်၊ ချင်း၊ တနင်္သာရီမှ တိုင်းရင်းသား(၄)ဦးမှ ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါသည်။ 

ထို့နောက်  2026 Youth Peace Forum မှ လူငယ် ကြေငြာစာတမ်းတစ်ရပ်ကို အတည်ပြု ထုတ်ပြန်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ 

(၁၅.၁.၂၀၂၆)ရက်နေ့ ညနေပိုင်းတွင် ညစာစားပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ (၁၆.၁.၂၀၂၆)ရက်နေ့တွင် Forum သို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူများနှင့်အဖွဲ့များအား နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သည့် စစ်သမိုင်း ပြတိုက်၊ ရေပန်းဥယျာဉ်၊ Naypyidaw State Academy, Naypyidaw State Polytechnic University များသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီးနောက် (၁၇.၁.၂၀၂၆)ရက်နေ့တွင် စစ်ကိုင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်