နေပြည်တော်၊ ဇန်နဝါရီလ ၂၂ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဟောပြောဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း (၁၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ရဲအုပ် ဦးမင်းထွေးက တက်ရောက်လာသော အရာထမ်း၊ အမှုထမ်းများအား လိုက်နာကျင့်သုံးရမည့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် တက်ရောက်ကြသော အရာထမ်း၊ အမှုထမ်းများမှ သိရှိလိုသည်များအား ပြန်လည်၍ မေးမြန်းခဲ့ကြပြီး အခမ်းအနားအား နံနက် (၁၁:၃၀) တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်