သနပ်ပင်မြို့နယ် စံပြကျေးရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး
သနပ်ပင်၊ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အောက်သောင်ကျေးရွာအုပ်စု၊စံပြကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)သတ္တမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ဥပဒေ၊နည်းဥပဒေပါအကြောင်းအရာများ၊ချေးငွေဖြင့် အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဥ်အတွက် အထောက်အကူပြုပုံတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့်ဝန်ထမ်းများက
စံပြကျေးရွာ (VRFP)စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များထံ စီမံကိန်းရန်ပုံငွေကျပ် ၁၃၅သိန်းငါးသောင်း အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် စံပြကျေးရွာ (VRFP) စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁ဦးကို ငွေကျပ် ၈၉သိန်းငါးသောင်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ရှစ်ဦးကို ငွေကျပ်
၄၆သိန်း၊စုစုပေါင်း အသင်းသား၊အသင်းသူ ၁၉ဦးကို(VRFP)ရန်ပုံငွေကျပ် ၁၃၅သိန်းငါးသောင်းထိထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်