Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး


21 Jan,2026

နေပြည်တော် ဇန်နဝါရီ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနား မြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနား မြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး ဘက်စုံခြံအတွင်း အသင်းစုပိုင် မြေပေါ်တွင် ရုရှားနေကြာမျိုးများဖြစ်သည့် MAKHAON KLP (မက်ဟွန်)မျိုး၊ VULKAN( ဗော့ကန်)မျိုး၊ IPPOLIT (အိုင်ပေါ်လစ်)မျိုး (၃)မျိုးအား တစ်မျိုးလျှင် ၅ ဧကနှုန်းဖြင့် စုစုပေါင်း(၁၅)ဧက စိုက်ပျိုး ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက နေကြာစိုက်ပျိုး ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက သမဝါယမအသင်းသားတောင်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နေကြာများ အထွက်တိုးစေရေးအတွက် ပေါင်းမြက်များ စနစ်ကျရှင်းလင်းရန်၊ ရေသွင်းချိန် ရေသွင်းကြရန်နှင့် နေကြာမျိုးအပေါ်မူတည်ပြီး သတ်မှတ်ရက်အလိုက် မြေဩဇာများ စနစ်တကျထည့်သွင်း ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင် မှသာ သတ်မှတ်အထွက်နှုန်း ရရှိမှာဖြစ်ကြောင်း၊ ဒါ့အပြင် နေကြာစတင်စိုက်ပျိုးသည့်နေ့ရက်မှ ရိတ်သိမ်းချိန်အထိ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စနစ်တကျ မှတ်တမ်းတင် ထားရှိရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘက်စုံစိုက်ပျိုး‌မွေးမြူရေးခြံအတွင်း အသားတိုးကြက်ကောင်ရေ (၄၀၀၀) မွေးမြူရန် ကြက်ခြံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် ကြက်သားပေါက်များ ရောက်ရှိပါက တိရစ္ဆာန်ရောဂါများ မကျရောက်စေရေးနှင့် ကြီးထွားမှုနှုန်းများကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ ကြက်များ တစ်သုတ်ပြီးတစ်သုတ် စဉ်ဆက်မပြတ်မွေးမြူကြရန်လိုအပ်ပြီး ဈေးကွက်နှင့် ချိတ်ဆက်မွေးမြူကြရန်လည်း လိုအပ်ကြောင်း၊ ကြက်များမွေးမြူမှု အခြေအနေများကိုလည်း စနစ်တကျ စောင့်ကြည့်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်