Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်း/တံတား လုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး


23 Jan,2026

ပဲခူး ဇန်နဝါရီ  ၂၂

            ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(အထွေထွေပိုလျှံ) ရန်ပုံငွေဖြင့် ကျေးလက်လမ်း/တံတားလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

            ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ်အတွင်းရှိ ရွှေတန်-ပြဟန်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုပြီး မှော်လုံကျေးရွာအဝင် ကွန်ကရစ်တံတား ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

           ထို့နောက် ဦးထွန်းဝေနှင့်အဖွဲ့သည် ဝေါမြို့နယ်အတွင်း ဝေါဘုရားပျို - ကမာ- ကဘန် - ကတွတ် - ညောင်ကိုင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ဖိုးဦးစိန် - အဘားလမ်း ကျောက်ချောလမ်းခင်းခြင်း  လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုကြောင်းသိရသည်။

ဥဿာတိုင်းသား


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်