တောင်ကြီး ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်(ငွေလုံးငွေရင်း)ခွင့်ပြု ရန်ပုံငွေ ကျပ် ၂၃၃ ဒသမ ၆၆၁ သန်းဖြင့် ရေပူ- ကျောက်နီ ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းမှ ကတ္တရာ လမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စစ်ဆေးရေးအရာရှိချုပ်နှင့် တာဝန်ရှိသူများက ရေပူကျေးရွာနှင့် ကျောက်နီ ကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ စစ်ဆေးရေးအရာရှိချုပ်က တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကတ္တရာလမ်းအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေး မှာကြားပြီး ကျေးရွာတင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ ရေပူ- ကျောက်နီကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် လမ်းအရှည် ၄ ဖာလုံ၊ အကျယ် ၁၂ပေ၊ ထု ၁၅လက်မရှိပြီး တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်