ရေကြည်မြို့နယ် ထန်းပင်ကျိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းပြုလုပ်
ရေကြည် ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ခုဘဏ္ဍာနှစ်တွင် ကညင်ငူကျေးရွာအုပ်စု၊ ထန်းပင်ကျိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းလုပ်ငန်း အဖွဲ့ ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေက ကျေးရွာမှ အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့်ရွေးချယ်ထားသော လုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ပရဟိတစိတ်ဖြင့်ကိုယ့်ကျိုးအတွက်မကြည့်ဘဲ ရပ်ရွာအကျိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊လစဉ်ဖြည့်သွင်းရမည့်စာရင်းဇယားများကို စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းလက်စွဲစာအုပ်ပါ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များ၏ တာဝန်များ၊ရန်ပုံငွေထုတ်ချေးရာတွင် အကျုံးဝင်သော အသေးစားစီးပွားရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ အတည်ပြုရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်