Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးကောင်းမြို့နယ် နန့်လှိုင်ကျေးရွာတွင် VDPစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


26 Jan,2026

မိုးကောင်းမြို့နယ် နန့်လှိုင်ကျေးရွာတွင် VDPစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

မိုးကောင်း ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် နန့်လှိုင်ကျေးရွာတွင် ကျေးရွာ စာသင်ကျောင်းဆောင်တည် ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးဌာနမှတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း၊ VDP စီမံကိန်းတာဝန်ခံတို့နှင့်အတူ နန့်လှိုင်ကျေးရွာတွင် ကျေးရွာစာသင်ကျောင်းဆောင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ နန့်လှိုင်ကျေးရွာတွင် VDP စီမံကိန်းရန်ပုံငွေ ကျပ် ၁၅သန်း၊ ကျေးရွာထည့်ဝင်ငွေ ကျပ် ၃ ဒသမ ၁ သန်းတို့ဖြင့် အလျား ၆၀ ပေ၊ အကျယ် ၃၀ ပေနှင့် အမြင့် ၁၂ ပေရှိ ကျေးရွာစာသင်ကျောင်းဆောင်တည်ဆောက်ခြင်းလုပ်ငန်းအား ဦးစီးဌာနမှ ဝန်ထမ်းများ၏နည်းပညာပံ့ပိုးမှုနှင့်အတူ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၅ခုနှစ် ဇူလိုင်လ တတိယယပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းကပြောပြ၍ သိရသည်။
နွဲ့ယဥ်
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်