ညောင်ဦး ဇန်နဝါရီ ၂၆
ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို ညောင်ဦးမြို့နယ် သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
သဘာပတိ ညောင်ဦးမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဌေးမှ အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးဝေမှ သမဝါယမ အသင်းဥပဒေ/နည်းဥပဒေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူ အသင်းစုကိုယ်စားလှယ်များထံမှ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ ရှေ့လုပ်ငန်း စဉ်များကို အတည်ပြုချက်ရယူပြီး တက်ရောက်လာသူများအား အစုပေါ်အမြတ်၊ အစုပေါ်ပြန်ပေးငွေ များလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်