Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


23 Jan,2026

ချောင်းဆုံ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ သဘာပတိအဖြင့် မြို့နယ် သမဝါယမအသင်းစုလီမိတက် အမှုဆောင် ဦးခင်မောင်ဝင်းက ဆောင်ရွက်ခဲ့သည်။

ဦးစွာ သဘာပတိက အဖွင့်အမှာစကားပြောကြားကာ မွန်ပြည်နယ် သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကြွေက အစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်အညီ အသင်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့် သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ လုပ်ငန်း အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းအမှုဆောင်မှ ဖတ်ကြားခြင်းနှင့် အသင်းသားများမှ အတည်ပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်အတွင်း အခြေခံသမဝါယမအသင်း (၃၇) သင်းမှ အသင်း ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)

မွန်ပြည်နယ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်