သံဖြူဇရပ် ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သမဝါယမအသင်းစု လီမိတက်၏ (၂၀၂၃-၂၀၂၄) နှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို မြို့နယ်သမဝါ ယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစံသောင်းမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး အသင်းစု၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုများကို အဖွင်အမှာစကား ပြောကြားပြီး မွန်ပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးသန်းနိုင်နှင့် မွန်ပြည်နယ်သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးစိုးတင့်တို့မ မြို့နယ်သမဝါယမ အသင်း၏ လုပ်ငန်းများ တိုးတက်ရေးအတွက် အမှာစကားပြောကြားသည်။
ထို့နောက် (၂၀၂၃-၂၀၂၄) နှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍနှစ် (၁၈) လတာကာလ သံဖြူဇရပ်မြို့နယ် သမဝါယမအသင်းစု လီမိတက်အမှုဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ဘဏ္ဍရေးအစီရင်ခံစာများကို အမှုဆောင်ဦးမင်းကျော်ဝင်းနှင့် ဦးအုန်းမြင့်တို့က ဖတ်ကြားတင်သွင်းပြီးသဘာပတိ ဦးစံသောင်း၏ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်