Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


27 Jan,2026

တောင်ငူ ဇန်နဝါရီ ၂၆

        သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေး အဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်း တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၂၃ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

        ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် တာဝန်ရှိသူများက တောင်ငူခရိုင်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံ (GRF) ရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့် ဖြူးမြို့နယ် ဝဲဒေါင့်-မင်းကံရိုးလမ်း (၀/ ၆.၇ မိုင်) ကျောက်လမ်းပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ တောင်ငူမြို့နယ် အင်ဒိုင်း - ချောင်းဖြူ - ပဲချက်ကုန်း လမ်း (၀/၂.၅မိုင်) ကျောက်ချောခင်းခြင်းလုပ်ငန်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု၊ ရေတာရှည်မြို့နယ်အတွင်း သပြေတန်း- ထန်းကုန်း- ဇလုပ်ကြီးလမ်းပေါ်ရှိ ရွာဝင်တံတား သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဇော်ကိုကို(တောင်ငူ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်