ပုသိမ် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဌာနမှ တာဝန်ယူ ဆောင်ရွက်သော ရွှေမြင်တင်ကျောင်းလမ်းကတ္တရာခင်းခြင်း (၀/၅.၅မိုင် × ၁၂ပေ x ၉လက်မ) လုပ်ငန်းအား တာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းက ကတ္တရာခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ခဲ့ရာ မြို့နယ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မေချို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်