Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည် - ကြာကန် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်


26 Jan,2026

ရေကြည် ဇန်နဝါရီ ၂၃

            (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ရေကြည်မြို့နယ် ကြာကန် ကျေးရွာအုပ်စု ရေကြည် - ကြာကန် ကွန်ကရစ်လမ်းသစ်ကို ဇန်နဝါရီ ၂၂ ရက်က တက်ရောက် ဖွင့်လှစ်ပေးသည်။

            ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ကွန်ကရစ် လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး လမ်းသစ်ကိုလှည်လည့် ကြည့်ရှုခဲ့ကြသည်။

          အဆိုပါ ကွန်ကရစ်လမ်းသည် အလျား ၀/၂ မိုင်၊ အနံ ၁၂ ပေနှင့် ဒု ခုနစ်လက်မရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် TMHK ကုမ္ပဏီက တင်ဒါအောင်မြင်ကာ ရန်ပုံငွေကျပ် ၁၈၄ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကြာကန် ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၆၄၅ အိမ်၊ လူဦးရေ ၂၆၀၀ တို့၏ လူမှုစီးပွား ဘဝများအတွက် များစွာအကျိုးပြုကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်