Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးခရိုင်အတွင်း ကျေးလက်လမ်း/တံတား လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


26 Jan,2026

ပဲခူး ဇန်နဝါရီ ၂၃

        ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်အတွင်း ၂ဝ၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(အထွေထွေပိုလျှံ)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွှေတန်- ပြဟန်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မှော်လုံကျေးရွာအဝင် ကွန်ကရစ်တံတား၊ ဝေါဘုရားပျို-ကမာကဘန်-ကတွတ်- ညောင်ကိုင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ ဖိုးဦးစိန် - အဘားလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းတို့ကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

         ဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်နှင့်တာဝန်ရှိသူများသည် ပဲခူးမြို့နယ်အတွင်းရှိ ရွှေတန် - ပြဟန်လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားကာ မှော်လုံကျေးရွာ အဝင် ကွန်ကရစ်တံတားဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။

သက်ထက်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်