Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးဆောင်ရွက်မည့် အခြေခံသမဝါယမအသင်း အမှုဆောင်အဖွဲ့များနှင့် တွေ့ဆုံ


29 Jan,2026

နေပြည်တော် ဇန်နဝါရီ  ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဌာနဝန်ထမ်းများနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နွေစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)ဖြင့် နွေစပါးစိုက်ပျိုးဆောင်ရွက်မည့် အခြေခံသမဝါယမအသင်းအမှုဆောင် အဖွဲ့များနှင့် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်သမဝါယမဦးစီးဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က သမဝါယမကဏ္ဍမှ နေပြည်တော်အတွင်း စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအတွက် နိုင်ငံတော်ဘတ်ဂျက်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လည်းကောင်း၊ နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်စီမံကိန်း)ဖြင့်လည်းကောင်း လုပ်ငန်းစဉ်၊ ညွှန်ကြားချက် များနှင့်အညီ သမဝါယမအသင်း၊ အသင်းသားတောင်သူများသို့ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နွေစပါးစိုက်ပျိုးရေးစီမံကိန်းတွင် လယ်ဝေးမြို့နယ်အနေဖြင့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေများဖြင့် မျိုး၊ သွင်းအားစုများ ရယူဆောင်ရွက်မည့် အသင်းသားတောင်သူများအနေဖြင့် အမှန် တကယ်စိုက်ပျိုးဆောင်ရွက်ကြပြီး၊ စိုက်ပျိုးရာတွင် အထွက်တိုးမျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရန် လိုအပ်ကြောင်း၊ မြို့နယ်ဦးစီးဌာနမှ လိုအပ်သည့် မျိုး၊ သွင်းအားစုများအား စာရင်းပြုစု၍ မြို့နယ်အဆင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊ လိုအပ်ပါက တိုင်းမှ ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်၍ လိုအပ်သည့်စာရင်း များ အချိန်မီပြုစုပေးပို့ရန် လိုအပ်ကြောင်း၊ မျိူး၊ သွင်းအားစုများကို အသင်းသားတောင်သူများ လက်ဝယ်သို့ စိုက်ပျိုးချိန်မီဖြန့်ဝေပေးနိုင်ရေးဆောင်ရွက်ရန်နှင့် မြေပြင်ထွက်ယက်အချိန်မှ စိုက်ပျိုး၊ ရိတ်သိမ်းအချိန်အထိ နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင်စေရေး စဉ်ဆက်မပြတ်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားရန်နှင့် အသင်းသားတောင်သူများမှလည်း မိမိတို့ နွေစပါးစိုက်ဧကများ စပါးအထွက်နှုန်း ယခင်နှစ်ထက် ပိုမို ရရှိစေရန် ဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံသမဝါယမအသင်းအမှုဆောင်များမှ မိမိတို့အသင်းရှိ နွေစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများ၏ လယ်ယာမြေအခြေနေများ၊ မျိုး၊ သွင်းအားစု လိုအပ်မှုများနှင့် နွေစပါး စိုက်ပျိုးမည့် အစီအစဉ်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ညွှန်ကြားရေးမှူးမှ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်