Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်ထိုမြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အခမ်းအနားကျင်းပ


29 Jan,2026

ကျိုက်ထို ဇန်နဝါရီ ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဘာပတိ ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကြွယ်နှင့် ပြည်နယ်သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးစိုးတင့်တို့က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူး ဒေါ်ဇင်ဇင်ခိုင်က မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် တင်သွင်းသည့် အမှုဆောင် အဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်းသား စာရင်းစစ် အစီရင်ခံစာများအား ဖတ်ကြားခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်းသားစာရင်းစစ် အဖွဲ့အစီရင်ခံစာများ၊ မြို့နယ်သမဝါယမ အသင်းစုပိုင်မြေနေရာပေါ်တွင် အသစ်ဆောက်လုပ်ထားသော ဆိုင်ခန်းတွဲ အဆောက်အဦးသစ်နှင့် EXIM Bank ချေးငွေလုပ်ငန်းအတွက် ပေးဆပ်ထားငွေများအား သဘာပတိထံ အတည်ပြုချက်ရယူခဲ့ပြီး တက်ရောက်လာသော အခြေခံသမဝါယမအသင်းများမှ ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။

ပြည့်ဖြိုး(ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်