Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


29 Jan,2026

တိုက်ကြီး ဇန်နဝါရီ  ၂၈

           ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နေသော ကျေးလက်လမ်းများအား ဇန်နဝါရီ ၂၃ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်နှင့် ခရိုင်/မြို့နယ်တို့မှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် Kyaw Dynasty Co.,Ltd က တာဝန်ယူဆောင်ရွက်နေသည့် အဖျောက်လမ်းမကြီးမှ ပြည်တော်အေး ရွာအဝင်လမ်းပေါ်ရှိ Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် အရှည်ပေ ၂၀ တံတားကို တစ်ဖက်လျှင် ၁ဝ ပေစီ ထပ်မံတိုးချဲ့ခြင်းလုပ်ငန်း၊ ပန်းလောင် Co.,Ltd က တာဝန်ယူဆောင်ရွက်နေသည့် တော်လတီ-ကလော့သော့လမ်း အရှည် ၀/၇ မိုင်အား အကျယ် ၂၄ ပေ ရရှိရန် မြေသားတာပေါင်ချဲ့၍ တစ်ပေဒု မြေတာပေါင်မြှင့်တင်ခြင်းနှင့် အကျယ် ၁၆ ပေ၊ ဒု ၈ လက်မ ဂဝံခင်းခြင်းလုပ်ငန်း၊ ကြီးမြတ်ရွှေမဟာ Co.,Ltd က တာဝန်ယူ ဆောင်ရွက်နေသည့် တော်လတီ-ကလော့သော့လမ်း အရှည် ၁/ဝ မိုင် အား အကျယ် ၂၄ ပေ ရရှိရန် မြေသားတာပေါင်ချဲ့၍ တစ်ပေဒု မြေတာပေါင်မြှင့်တင်ခြင်းနှင့် အကျယ် ၁၆ ပေ၊ ဒု ၈ လက်မ ဂဝံခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်