နေပြည်တော် ဇန်နဝါရီ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ သွားရောက်ခဲ့သည့်ခရီစဉ်တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသထွက် အုတ်ကြွပ် အမိုးပြားလုပ်ငန်းများအား အရည်အသွေးမြင့် စက်မှုကုန်ထုတ်လုပ်ငန်းအဖြစ် အဆင့်မြှင့်တင်နိုင် ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ လမ်းညွှန်မှာကြားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သောအဖွဲ့နှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သော အဖွဲ့တို့သည် (၂၈-၁-၂၀၂၆) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း ကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာရှိ စက်မှုဝန်ကြီးဌာန အမှတ် (၂) အကြီးစားစက်မှု လုပ်ငန်း၊ အမှတ် (၃၂) အကြီးစားစက်ရုံသို့လည်းကောင်း၊ (၂၉-၁-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃၄) အကြီးစားစက်ရုံသို့လည်းကောင်း သွားရောက်ကြည့်ရှု လေ့လာခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သာယာဝတီခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနအောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် နေသည့်လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားကြီး ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ သန္ဓေပင်ရပ်ကွက်ရှိ Natural Clay ကုမ္ပဏီလိမိတက်၏ အုတ်ကြွပ်အမိုးပြားစက်ရုံသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဘူးလယ်အင်းကျေးရွာရှိ ကိုဝေဇင်၏ တစ်နိုင်တစ်ပိုင် အုတ်ကြွပ်အမိုးပြားထုတ်လုပ်ငန်းသို့လည်း ကောင်း သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်