Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စတုတ္ထအကြိမ် ထမနဲထိုးပြိုင်ပွဲကျင်းပ


28 Jan,2026

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စတုတ္ထအကြိမ် ထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စတုတ္ထ အကြိမ် ထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) ကျင်းပပြုလုပ်ခဲ့သည်။

     အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦး‌သိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။

     ထို့နောက် ညွှန်ကြားရေးမှူး ဦးကြည်စောက အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီးနောက် ထမနဲထိုးပြိုင်ပွဲ အကဲဖြတ်အမှတ်ပေးဒိုင်များက ပြိုင်ပွဲဝင် အဖွဲ့(၅)ဖွဲ့မှ ပါဝင်ပစ္စည်းများ ခင်းကျင်းထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ပြိုင်ပွဲကို စတင်ကျင်းပ ပါသည်။

      ထမနဲထိုးပြိုင်ပွဲဝင် အဖွဲ့(၅)ဖွဲ့မှ အသင်းသားများက သူထက်ငါ အချိန်မီပြီးစီးရေး၊ အရသာ ကောင်းမွန်မှုရှိရေး တက်ညီလက်ညီပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများကို အဖွဲ့အလိုက်အားပေးသူများ ကလည်း ကိုယ့်အဖွဲ့ အနိုင်ရရှိရေး အားပေးခဲ့ကြသည်။

      ဆက်လက်၍ ဆုရရှိသည့် အဖွဲ့များကို ဆုချီးမြှင့်ရာတွင် ပထဆုရရှိသည့် စိစစ်အကဲဖြတ်ရေးနှင့် ရေပေးရေးဌာနအဖွဲ့အား အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်မှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် ဘဏ္ဍာရေးနှင့် ဆင်းရဲလျော့အဖွဲ့နှင့် မီးလင်းရေးနှင့်ဝယ်/ဖြန့်အဖွဲ့တို့အား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်မှ လည်ကောင်း၊ တတိယဆုရရှိသည့် စီမံရေးရာနှင့် နိုင်ငံတကာအဖွဲ့နှင့် နေပြည်တော်တိုင်းအဖွဲ့တို့အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က လည်းကောင်းအသီးသီး ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။

     အဆိုပါ အခမ်းအနားကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြိုင်ပွဲဝင်အဖွဲ့များ၊ ဝန်ထမ်းများအားလုံး တက်ရောက်ကြကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်