သာစည် ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ သဘာပတိဦးတင်ထွန်းက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးက အမှာစကား ပြောကြားရာတွင် သမဝါယမဦးစီးဌာနနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းအားလည်းကောင်း၊ အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ နှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာကိုလည်းကောင်း တာဝန်ရှိသူအသီးသီးက ဖတ်ကြားပြီး အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ် များကို သဘာပတိက တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူသည်။ ၎င်းနောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသူများအား လက်ဆောင် ပစ္စည်းများပေးခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ အခြေခံအသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်