သီပေါ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယအသင်းလီမိတက်၏ သမဝါယအသင်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို အဆိုပါအသင်းရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က အသင်း၏ ၁၅ လတာကာလအတွင်း အသင်းလုပ်ငန်းများရပ်ဆိုင်းခြင်းမရှိပဲ အသင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့မှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက အသင်းလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် များအား ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မိုးက အသင်းသားများကိုယ်စား အသင်းပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြုံပြုဆွေးနွေးတင်ပြခဲ့ပြီး အသင်းသားတစ်ဦးမှ ချေးငွေကိစ္စများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်