Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စီမံကိန်းစီမံခန့်ခွဲမှုသင်တန်း(Project Cycle Management)ဆင်းပွဲကျင်းပ


29 Jan,2026

နေပြည်တော် ဇန်နဝါရီလ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၂ရက်နေ့မှ ၂၈ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့သည့် စီမံကိန်းစီမံခန့်ခွဲမှုသင်တန်း (Project Cycle Management)ဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လယ် ၁၁နာရီခွဲ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တက်ရောက်ကြသည့် သင်တန်းသားများအား သင်တန်းဆင်းကတ်ပြား ပေးအပ်ပြီး သင်တန်းသား/သူ များကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့မှ လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်ကြသည့် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ အဆိုပါသင်တန်းအား ဖွင့်လှစ်ပေးခဲ့သည့် တာဝန်ရှိသူများအားလုံးနှင့် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်