Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ


30 Jan,2026

သန်လျင်၊ ဇန်နဝါရီ ၃၀
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ဒက္ခိဏဆောင် မြက်ခင်းပြင်၌ မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တက္ကသိုလ်အနေဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့ရာ ယနေ့ကျင်းပ ပြုလုပ်သည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည် ၁၆ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့ရိုးရာအစဉ်အလာကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်းတတ်စေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီး၍ စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါကြောင်း၊ “A University for the Community, Together We Learn, Together We Lead” ဆိုသည့် မိမိတို့တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ အသိပညာများသင်ကြားခြင်းသာမက အတူတကွသင်ယူ အတူတကွဦးဆောင်ပြီး လူမှုအသိုက်အဝန်းနှင့်အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဦးတည်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သည့် ထမနဲထိုးပြိုင်ပွဲသည် တက္ကသိုလ်၏ဆောင်ပုဒ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပင်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအနေဖြင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်သည့် စွမ်းရည်၊ တာဝန်ယူမှု၊ စည်းကမ်းလိုက်နာမှုနှင့် စည်းလုံးညီညွတ်မှုတို့၏ အရေးပါပုံကို လက်တွေ့လေ့လာသင်ယူစေခြင်းဖြင့် ယနေ့ပြိုင်ပွဲ၏ ရည်ရွယ်ချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊  “Happy Learning, Happy Life” ဆိုသည့် တက္ကသိုလ်၏ inspirational message အတိုင်း ပျော်ရွှင်စွာလေ့လာသင်ယူခြင်းဖြင့် အောင်မြင်ပျော်ရွှင်သည့်ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်သည့်အတွက် ယနေ့ကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကဲ့သို့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို လက်ဆင့်ကမ်းထိန်းသိမ်းသည့် ပြိုင်ပွဲများသည် ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ်ဘဝကို အမှတ်တရကောင်းများဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးအေးမော်မှ ထမနဲထိုးပြိုင်ပွဲ စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုထမနဲထိုးပြိုင်ပွဲတွင် ပထမနှစ်ကိုယ်စားပြု စွယ်တော်အဖွဲ့၊ စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ အထူးပြုမေဂျာကိုယ်စားပြု သရဖီအဖွဲ့၊ ဈေးကွက် ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ကိုယ်စားပြု ခွာညိုအဖွဲ့၊ အသုံးချစာရင်းအင်းပညာ အထူးပြုမေဂျာ ကိုယ်စားပြု နှင်းဆီအဖွဲ့၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ အထူးပြုမေဂျာ ကိုယ်စားပြု သပြေအဖွဲ့နှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ကိုယ်စားပြု ကံ့ကော်အဖွဲ့၊ စုစုပေါင်းအဖွဲ့ (၆)ဖွဲ့တို့က ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲဝင် အဖွဲ့များအား ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။
၎င်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေး ပညာအထူးပြုမေဂျာ ကိုယ်စားပြု သရဖီအဖွဲ့အား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းကလည်းကောင်း၊ ဒုတိယဆု ရရှိသည့် ပထမနှစ်ကိုယ်စားပြု စွယ်တော်အဖွဲ့အား ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါ်မြင့်မြင့်စိန်က လည်းကောင်း၊ တတိယဆု ရရှိသည့် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ ကိုယ်စားပြု ခွာညိုအဖွဲ့အား ထမနဲထိုးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးအေးမော်ကလည်းကောင်း၊ နှစ်သိမ့်ဆု(၁) ရရှိသည့် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာ ကိုယ်စားပြု သပြေအဖွဲ့အား သုတေသနနှင့်ဖွံဖြိုးမှုဌာန၊ ဌာနမှူး ဦးကျော်ဖုန်းနိုင်ကလည်းကောင်း၊ နှစ်သိမ့်ဆု(၂)ရရှိသည့် အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာ ကိုယ်စားပြု နှင်းဆီအဖွဲ့အား သင်တန်းရေးရာဌာန၊ ဌာနမှူး၊ ဦးဇော်မိုးအောင်ကလည်းကောင်း၊ နှစ်သိမ့်ဆု(၃) ရရှိသည့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ ကိုယ်စားပြု ကံ့ကော်အဖွဲ့အား စီမံခန့်ခွဲရေးဌာန၊ ဌာနမှူး ဦးရဲမြင့်အောင်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်