Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး


02 Feb,2026

မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေးကျေးလက်ထုတ်ကုန်များ ကုန်စည်စီးဆင်းနိုင်ရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ပင်းကြိုင်းကျေးရွာတွင် ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းရာတွင် ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး(နည်းပညာ) ဦးတင်ဇော်လင်း၊ မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မိုးကောင်းမြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် ဝန်ထမ်းများသည် ပင်းကြိုင်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် Always Aung Naing Thu ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လယ်ယာကုန်ထုတ်လမ်း(မြေသား+သဲကျောက်)ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးပါကလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်များပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ ပင်းကြိုင်းကျေးရွာတွင် အရှည်၁မိုင် ၁ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ လယ်ယာကုန်ထုတ်လမ်းအပိုင်း(၁) မြေသား+သဲကျောက်ခင်းခြင်း၊ Box Culvert ၁စင်း၊ Slab Culvert ၁စင်းနှင့် Pipe Culvert၅စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေကျပ် ၃၈၃ ဒသမ ၄၁၆ သန်းဖြင့် Always Aung Naing Thu ကုမ္ပဏီမှ ဇူလိုင်လဒုတိယပတ်မှစတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး လယ်မြေဧက ၆၉၇ ဧကခန့်အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းထံက သိရသည်။
နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်